IKHRA
လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း
Category: Uncategorized
-

အခြေခံသဘောထားချမှတ်ခြင်း၊ “ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသည်၊ ကရင့်တော်လှန်ရေးကို အကျိုး မပြုနိုင်။ လူမျိုးစုံ သွေးစည်းညီညွတ်ရေး ဝါဒကို ကျင့်သုံးရမည်။ ဗမာပြည်တွင်းရှိ လူမျိုး အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ထိုသို့ ပူးပေါင်းရာတွင် တန်းတူမှု လွတ်လပ်မှု ရှိသော အမျိုးသားရေးဝါဒကို ကျင့်သုံးရမည်။ ကရင်အမျိုးသားများ ဆန့်ကျင်တိုက်ခိုက်နေသည်မှာ မြန်မာလူမျိုးမဟုတ်။ ဖဆပလ အစိုးရသာ ဖြစ်သည်။ ဖဆပလ အစိုးရသည် ဗမာပြည်သူ၊ အလုပ်သမား၊ လယ်သမားများအပေါ် ဖိနှိပ် တိုက်ခိုက် နေသည်ဖြစ်၍ အဖိနှိပ်ခံ မြန်မာအလုပ် သမား၊ လယ်သမားများနှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီး၊ ပူးပေါင်း တိုက်ရမည်ဖြစ်သည်။ လူမျိုးစုံ သွေးစည်း ညီညွတ်ရေးဝါဒအပေါ် မြန်မာ အလုပ်သမားများနှင့် ရင်းရင်း နှီနှီး ပူးပေါင်း တိုက်ပွဲဝင်ရမည်။ မြေရှင် ပဒေသရာဇ် ဖဆပလ အစိုးရသည်၊…
-

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်။ ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်ကို ရေးဆွဲသည့်ပုဂ္ဂိုလ်များ ဖြစ်သော၊ မန်းဘဇန်နှင့် စောဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေး၏ ဗွေဆော်ဦးကာလ၊ ၁၉၄၉ ခုနှစ်မှ၊ ၁၉၅၃ ခုနှစ် ဝိန့်ထောင်-ကွန်ဖရင့် ကျင်းပသည့် အချိန်ထိ ကာလပိုင်းကို ပထမ လမ်းစဉ်ဟူ၍ သတ်မှတ်ခဲ့သည်။ ပထမ လမ်းစဉ်သည် အမျိုးသားရေး အမြင်သက်သက်သာ ဖြစ်သည်ကိုလည်း ဖော်ပြခဲ့သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးသမိုင်းကို ရေးသားခဲ့သူ ဆရာကြီး စကော လယ်တော ကလည်း၊ ဤအချက်ကို ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ကေဂျီဘီ (K.G.B.) အစည်းအဝေးတွင်အောက်ပါအတိုင်း အခိုင်အမာ ထောက်ခံခဲ့သည်။ K.G.B. ခေတ်ကာလ ကော်သူးလေဝါဒမှာ တမျိုးသားလုံး၏ ဝါဒဖြစ်ပြီး၊ ဒီမိုကရေစီကို အခြေခံလျက်ရှိသည်။ ခပ်တိုတိုစကားတခွန်းတည်းဆိုရလျှင် “ကရင်ဝါဒ”…