IKHRA
လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း
recent posts
about
Category: Uncategorized
-

-

-

သံလွင်ကတော့ စီးမြဲပင် ၁၁-၂-၂၀၂၆ လွန်ခဲ့တဲ့ (၇၈) နှစ်က မြန်မာပြည်အနှံ့အပြား အရှေ့၊ အနောက်၊ တောင်မြောက်၊ တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက်မကျန်၊ ကရင်ပြည်သူတွေ လမ်းမပေါ်တက်ပြီး စောဘဦးကြီးရဲ့ ကြွေးကြော်သံ (၄) ရပ် ရေးထိုးထားတဲ့ စက္ကူပြားတွေ ရင်မှာကပ်ပြီး ကရင်ပြည်ကို တောင်းဆိုခဲ့ကြပါတယ်။ မနှစ်က (၁၉၄၇ ခုနှစ်) မှ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ရှေ့ဆောင်မှုနဲ့ ကရင်အမျိုးသား အလံတော်အောက်မှာ ငြိမ်ချမ်းစွာ၊ စည်းကမ်းရှိစွာ၊ တက်ကြွစွာ အမျိုးသားဆန္ဒကို ဖော်ပြခဲ့ကြပါတယ်။ အဲဒီနေ့ဟာ သမိုင်းမှတ်တမ်းပြုခဲ့တဲ့နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ပဲ မဟုတ်လား။ ကရင်ပြည်သူ ၄ သိန်းခွဲဆိုတာ လုံလောက်တဲ့သက်သေပဲ။ ကိုယ့်ရဲ့ ဘိုးဘေးအမွေ နှစ်ထောင်ချီပြီး ဒီမြစ်ဒီချောင်းဒီရေကို သောက်ပြီး ဒီမျိုး…
-

ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကွယ်လွန်ခြင်းအတွက် ပေးပို့သော နှစ်သိမ့်အားပေးသဝဏ်လွှာ(၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိသားစုဝင်များ၊ စစ်မှန်တဲ့ဒီမိုကရေစီအရေး ၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုအရေး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဝမ်းနည်းကြေကွဲပါကြောင်း ပထမဆုံးဖော်ပြပါရစေ။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) စတင်ဖွဲ့စည်းချိန် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ တရားဝင်ဖျက်သိမ်းချိန် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အထိ နှစ်ပေါင်း (၂၀) ကျော်ကြာ ဦးဆောင်မှု ပေးခဲ့တဲ့ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းရဲ့ခေါင်းဆောင်မှုကို ကျွန်တော်တို့ လွတ်လပ်သော ကရင်သမိုင်းသုတေသန အသင်း (IKHRA) က လေးစားဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါတယ်။ ကျန်ရစ်သူ ဇနီးနှင့်သားသမီးများထံ နွေးထွေးသောအားပေးနှစ်သိမ့်မှုကို ဤအထိမ်းအမှတ်သဝဏ်လွှာနှင့် အတူပေးပို့လိုက်ပါတယ်။ ထို့အတူ ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)…
-

-

အခြေခံသဘောထားချမှတ်ခြင်း၊ “ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒသည်၊ ကရင့်တော်လှန်ရေးကို အကျိုး မပြုနိုင်။ လူမျိုးစုံ သွေးစည်းညီညွတ်ရေး ဝါဒကို ကျင့်သုံးရမည်။ ဗမာပြည်တွင်းရှိ လူမျိုး အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ထိုသို့ ပူးပေါင်းရာတွင် တန်းတူမှု လွတ်လပ်မှု ရှိသော အမျိုးသားရေးဝါဒကို ကျင့်သုံးရမည်။ ကရင်အမျိုးသားများ ဆန့်ကျင်တိုက်ခိုက်နေသည်မှာ မြန်မာလူမျိုးမဟုတ်။ ဖဆပလ အစိုးရသာ ဖြစ်သည်။ ဖဆပလ အစိုးရသည် ဗမာပြည်သူ၊ အလုပ်သမား၊ လယ်သမားများအပေါ် ဖိနှိပ် တိုက်ခိုက် နေသည်ဖြစ်၍ အဖိနှိပ်ခံ မြန်မာအလုပ် သမား၊ လယ်သမားများနှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီး၊ ပူးပေါင်း တိုက်ရမည်ဖြစ်သည်။ လူမျိုးစုံ သွေးစည်း ညီညွတ်ရေးဝါဒအပေါ် မြန်မာ အလုပ်သမားများနှင့် ရင်းရင်း နှီနှီး ပူးပေါင်း တိုက်ပွဲဝင်ရမည်။ မြေရှင် ပဒေသရာဇ် ဖဆပလ အစိုးရသည်၊…
-

ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်။ ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ်ကို ရေးဆွဲသည့်ပုဂ္ဂိုလ်များ ဖြစ်သော၊ မန်းဘဇန်နှင့် စောဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေး၏ ဗွေဆော်ဦးကာလ၊ ၁၉၄၉ ခုနှစ်မှ၊ ၁၉၅၃ ခုနှစ် ဝိန့်ထောင်-ကွန်ဖရင့် ကျင်းပသည့် အချိန်ထိ ကာလပိုင်းကို ပထမ လမ်းစဉ်ဟူ၍ သတ်မှတ်ခဲ့သည်။ ပထမ လမ်းစဉ်သည် အမျိုးသားရေး အမြင်သက်သက်သာ ဖြစ်သည်ကိုလည်း ဖော်ပြခဲ့သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးသမိုင်းကို ရေးသားခဲ့သူ ဆရာကြီး စကော လယ်တော ကလည်း၊ ဤအချက်ကို ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ကေဂျီဘီ (K.G.B.) အစည်းအဝေးတွင်အောက်ပါအတိုင်း အခိုင်အမာ ထောက်ခံခဲ့သည်။ K.G.B. ခေတ်ကာလ ကော်သူးလေဝါဒမှာ တမျိုးသားလုံး၏ ဝါဒဖြစ်ပြီး၊ ဒီမိုကရေစီကို အခြေခံလျက်ရှိသည်။ ခပ်တိုတိုစကားတခွန်းတည်းဆိုရလျှင် “ကရင်ဝါဒ”…