Untitled post 143

ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း
ကွယ်လွန်ခြင်းအတွက် ပေးပို့သော နှစ်သိမ့်အားပေးသဝဏ်လွှာ
(၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်
)

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိသားစုဝင်များ၊ စစ်မှန်တဲ့ဒီမိုကရေစီအရေး ၊ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုအရေး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဝမ်းနည်းကြေကွဲပါကြောင်း ပထမဆုံးဖော်ပြပါရစေ။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) စတင်ဖွဲ့စည်းချိန် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ တရားဝင်ဖျက်သိမ်းချိန် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အထိ နှစ်ပေါင်း (၂၀) ကျော်ကြာ ဦးဆောင်မှု ပေးခဲ့တဲ့ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းရဲ့ခေါင်းဆောင်မှုကို ကျွန်တော်တို့ လွတ်လပ်သော ကရင်သမိုင်းသုတေသန အသင်း (IKHRA) က လေးစားဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါတယ်။

ကျန်ရစ်သူ ဇနီးနှင့်သားသမီးများထံ နွေးထွေးသောအားပေးနှစ်သိမ့်မှုကို ဤအထိမ်းအမှတ်သဝဏ်လွှာနှင့် အတူပေးပို့လိုက်ပါတယ်။

ထို့အတူ ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) တွင် တာဝန် ထမ်းဆောင်ခဲ့ကြသော ဝန်ကြီးများကိုလည်း မပြီးဆုံးသေးသော စစ်မှန်တဲ့ ဒီမိုကရေစီအရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ တတ်စွမ်းရာအခန်းကနေ ဆက်လက် ပါဝင်လုပ်ဆောင်နိုင်ကြပါစေကြောင်း ဤအထိမ်းအမှတ်သဝဏ်လွှာဖြင့် ကျွန်တော်တို့ လွတ်လပ်သော ကရင်သမိုင်းသုတေသနအသင်း(IKHRA)က အားပေးနှစ်သိမ့် တိုက်တွန်းပါရစေ။

(မန်းအောင်ဌေး)
တာဝန်ခံ
လွတ်လပ်သော ကရင်သမိုင်းသုတေသနအသင်း (IKHRA)

Posted in

Leave a Reply

Discover more from IKHRA

Subscribe now to keep reading and get access to the full archive.

Continue reading