ကရင့်သမိုင်း သုတေသန ဋ္ဌာနဖြစ်ပေါ်လာပုံ

ကရင့်သမိုင်း သုတေသန ဋ္ဌာန

သမိုင်းဋ္ဌာနကို ၁၉၉၂ ခုနှစ်တွင် မန်းအောင်ဋ္ဌေးက စတင် စဉ်းစားခဲ့ပြီး၊ ၁၉၉၃ နှစ်စတွင်ပင် စတင်ခဲ့သည်။ အဖွဲ့ရည်ရွယ်ချက်ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီထုတ် နိုင်ငံသစ်စာစောင် (၁)တွင် ဖော်ပြထားသည်။

ကရင့်သမိုင်းသုတေသန အသင်း အဖွဲ့ဝင်များမှာ

မန်းအောင်ဋ္ဌေး၊ မန်းကျောက်ခဲ (ကွယ်လွန်)၊ မန်းကျော်စန်း (ပန်းချီ ဆရာ)၊ နန့်သန်းသန်းလွင် ခေါ် ကိုင်းကျွတ်၊ ရဲဘော်ဝမ်းသာ၊ ဖိုးခွားကြီး (တပ်ရင်း ၁၀၁)၊ ဆရာထီးခူ (ကျောင်းဆရာ)၊ ဆရာမနော်အဲအဲ (ခရိုင်ပညာရေးဋ္ဌာန၊ နောက်ပိုင်းတွင် အုန်းဖန် စခန်းရုံး အဖွဲ့ဝင်)၊ ရဲနီကျော်စွာ ခေါ် ကိုကျော်စွမ် (ဘိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦး)၊ နော်ခိုင်မာကျော်ဇော (ကေအဲန်ယူ ဗဟို)၊ စောမောထူး (ခရိုင်အခြေခံဒေသ)၊ နိုင်တင်ဦး (ထိုင်းနှင့် ဆက်ဆံရေး၊ စံခလ ဘူရီမြို့၊ ကွယ်လွန်)။ ၁၉၉၄ ခုနှစ်တွင် NLD-LA မှ ရဲဘော် သက်စိုးလွင် ခေါ် ကိုသက်စိုးလွင် (အော်စတေးလျ နိုင်ငံတွင် ကွယ်လွန်) က စာအုပ်ပုံစံအပိုင်းကို နှစ်လခန့် ဝင်ရောက်ကူညီပေးခဲ့သည်။ 

ကရင့်သမိုင်း သုတေသန အဖွဲ့နှင့် ရခိုင် နှင့် ပအိုဝ့် သမိုင်းဋ္ဌာနများလည်း အတူလုပ်ဆောင်ခဲ့ကြသည်။ ထိုအဖွဲ့များမှ

ရခိုင် သမိုင်း သုတေသန အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ခိုင်ရဲလင်းအောင် (ဗိုလ်မှူး၊ အေအယ်လ်ပီ။ USA တွင် ကွယ်လွန်)၊

ခိုင်မင်းဝါ၊ ခိုင်ထွန်းဝင်း (၂၀၂၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ ကွယ်လွန်)၊ ခိုင်ရန်နိုင်(USA တွင် ကွယ်လွန်)၊ ခိုင်ဘခင် တို့ဖြစ်သည်။ 

ပအိုဝ့် သုတေသနအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ခွန်ခမ်းကွို့(USA တွင် ကွယ်လွန်)၊ ခွန်ဝင်းညွန့် နှင့် မချိုချို တို့ဖြစ်သည်။ 

၁၉၉၃ ခု၊ ဇန်နဝါရီလ မှ ၁၉၉၆ -၉၇ အထိ နိုင်ငံသစ်စာစောင် (၁) မှ (၇) အထိ၎င်း သမိုင်းသစ်ဂျာနယ် အမည်ဖြင့်လည်း ထုတ်ဝေခဲ့သေးသည်။  ကေအဲန်ယူ ဒူးပလာယာ ခရိုင်အတွက် လွတ်မြောက် ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းကြောင်းပေါ်၌ စာစောင်အပြင် အခြားသော စာစောင် ငယ်များကိုလည်း ထုတ်ဝေခဲ့သည်။ ထိုသို့ ထုတ်ဝေနိုင်မှုအတွက် Burma Issues မှ ၁၉၉၃ မှ ၁၉၉၈ အထိ အစစ အရာရာ ကူညီ ပံ့ပိုးပေးခဲ့သည်။ ၁၉၉၈ မှ ၂၀၁၆ အထိ မန်းထက်ခေါင်က စံခလ ရုံးတွင် ဆက်လက်တာ ဝန်ယူခဲ့သည်။ 

ထိုကာလအတွင်း မန်းထက်ခေါင်၏ စာကြည့်တိုက်လုပ်ငန်းနှင့် ဖူးတာအယ် စာအုပ် ပြုစုရေးကို တာဝန်ယူခဲ့ရသည်။ ထိုကာလတွင် သမိုင်းဋ္ဌာနတွင် အားနည်းခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် ဖူးတာအယ် နှင့် ကရင့်တော်လှန်ရေး စာအုပ်ထုတ်ဝေစဉ်က နယူးဇီလန် နိုင်ငံ ဟာမင်တန်မြို့ရှိ ကမ်းဝေး ကြိုးကြာ (စာပေ) အဖွဲ့သားများက စာစီစာရိုက်ခြင်းတွင် ဝိုင်းဝန်းကူညီခဲ့သည်။ ထို ကုန်ကျစရိတ်ကိုမူ ဝင်းရေးမြို့နယ်နှင့် မိတ်ဆွေ တချို့မှ တာဝန်ယူ ခဲ့ကြောင်းသိရသည်။ 

ဖူးတာအယ် စာအုပ် ထုတ်ဝေပြီးနောက် မန်းအောင်ဋ္ဌေး၏ မပြီးဆုံးသေးသော သမိုင်းမှတ်တမ်းများ ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် ၂ နှစ်ကျော်ကြာ စာမူများအား စုဆောင်းခြင်း စာစီ စာရိုက်ခြင်း ပြင်ဆင် တည်းဖြတ်ခြင်း အကြမ်းထည် ကိစ္စရပ်ကို မန်းအောင်ဋ္ဌေးနှင့် ရဲဘော်ဝမ်းသာတို့မှ စီစဉ်လုပ်ဆောင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကရင့်တော်လှန်ရေး ဒုတိယလမ်းစဉ် စာအုပ်အတွက် မန်းလှအေး (NCUB ရုံးအုပ်ကြီး ဟောင်းမှ မှတ်တမ်း ဓါတ်ပုံများကို ရှာဖွေ ပေးခဲ့သည်။) ဒေါက်တာကြံထူး (စိုက်ပျိုး/စီမံ စီးပွား ပါရဂူ)နှင့် ကိုကျော်တင့်ဦး (လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)တို့မှ စာပေ စိစစ်ရေးနှင့် တွဲဘက် အယ်ဒီတာ တာဝန်တို့ကို ယူခဲ့ကြသည်။ စာအုပ် ဖြန့်ဝေ ရေးတွင်မူ စောစေးစေးမှာ အက္ခရာကျလှသူဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ကရင့်တော်လှန်ရေး ဒုတိယ လမ်းစဉ် စာအုပ်ထုတ်ဝေပြီးနော် လိုအပ်ချက်အရ သမိုင်းဆိုင်ရာ အချက် အလက်များကို Website တင်နိုင်ရေးအတွက် K.N.U. အပါအဝင် အခြားသော ကရင်အမျိုးသား အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းသည်။ တဆက်တည်းတွင် မှတ်တမ်းစုဆောင်ခြင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို (၂)နှစ်ကြာ ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ဝင်စားသူများ လေ့လာနိုင်ရေးအတွက် ၂၀၂၆/၂၇ နှစ်ဆန်းပိုင်းအထိ ဆောင်ရွက် သွားမည် ဖြစ်သည်။ အချက်အလက် လိုက်လံ စုဆောင်းခြင်း မှတ်တမ်းတင်ခြင်းများအတွက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရုံး အဖွဲ့ ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။ 

၂၀၂၅ ခုနှစ်တွင်မူ ကိုကျော်မော် က တွဲဘက် အယ်ဒီတာအဖြစ်၎င်း ကိုဝေယံ၊ စောရဲဂျာ၊ စောချမ်းမြေ့၊ နော်ခိုင်ရီမွန်၊ နော်နေဘလု တို့မှာ ရုံး အဖွဲ့အဝင်များအဖြစ် တာဝန်ယူ ကူညီ ပံ့ပိုးပေးသည်။ 

၂၀၂၅ ခုနှစ် မေလတွင် အဖွဲ့စာကြည့်တိုက်မှ စာအုပ် စာရွက် စာတမ်းများကို ဒူးပလာခရိုင် စာကြည့်တိုက်သို့ ဗက ဖိုးသာထူး မေတ္တာရပ်ခံချက်ဖြင့် လွှဲပြောင်းပေးခဲ့သည်။ ဋ္ဌာနအနေဖြင့် သမိုင်းမှတ်တမ်းများကို စုဆောင်းပြီး အများသူငါ အရှည်လေ့လာနိုင် ရေးအတွက် ခေတ်နှင့် အညီ ဆောင်ရွက်လျှက်ရှိသည်။

ရုံး ရပ်တည်နိုင်ရေးနှင့် စာအုပ်ထုတ်ဝေနိုင်ရေးအတွက်မူ အမာခံ ရဲဘော်များ၏ ကူညီပံ့ပိုးမှုဖြင့်သာ ရပ်တည်လျှက်ရှိသည်။